တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ် စီမံကိန်းကာလ သဘာဝကြိုးဝိုင်း အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် (OMP VI) ထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ် စီမံကိန်းကာလ သဘာဝကြိုးဝိုင်းအုပ်ချုပ်လုပ်ကိုင်မှု စီမံချက် (OMP VI) ထုတ်ပြန်ခြင်းအခမ်းအနား ကို ၄-၅-၂၀၂၆ ( တနင်္လာနေ့) နံနက် (၉:၀၀) နာရီတွင် သစ်တော ဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့်ဦးခင်လတ်ကြီး၊အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊မိတ်ဖက်ကုမ္ပဏီများမှကိုယ်စားလှယ်များ သစ်တောဦးစီးဌာနဦးစီးရုံးချုပ်ရှိ အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြခြင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းဆိုင်ရာ မှတ်တမ်းဗီဒီယိုပြသခြင်းများ ဆောင်ရွက် ခဲ့ပြီး ဒုတိယဝန်ကြီးသည် စီမံကိန်းများမှ ခင်းကျင်းပြသထားသော ပိုစတာများ၊စာအုပ်များကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
