Skip to main content
  • စပါးကြီးမြွေ

    စပါးကြီးမြွေ

    World:    Animalia

    Combination:    Chordata

    Variety:    Reptilia

    Species:    Squamata

    Subspecies:    Serpentes

    Breed:    Pythonidae

    Breed:    Malayopython

    Species:    M. reticulatus

    စပါးကြီးမြွေသည် ၁ဝ ပေမှ ပေ ၂ဝ အထိရှည်၍ တစ်ခါ တစ်ရံ ပေ ၃ဝ မျှပင် ရှည်တတ်သည်။ စပါးကြီးမြွေ၌ အဆိပ် မရှိချေ။ သို့ရာတွင် သမင်စသော သတ္တဝါများကို မိမိ၏ကိုယ်ဖြင့် ရစ်ပတ်ကာဖျစ်ညှစ်ဆွဲဆန့် သတ်ဖြတ်ပြီးနောက် အကောင်လိုက် မျိုချတတ်သည်။ စပါးကြီးမြွေများကို အာရှ၊ အာဖရိက နှင့် ဩစတြေးလျတိုက်များရှိ အပူပိုင်းဒေသများ၌ တွေ့ရ သည်။ အရောင်မှာ အဝါ၊အညို၊အမည်းတို့တွင် မှန်ကူကွက်များ ကဲ့သို့ အကွက်များဖြစ်နေရာ ယင်းကို သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်ရိပ်များအကြားတွင် လွယ်ကူစွာ မြင်နိုင်ရန် ခဲယဉ်း သည်။ ရေတိမ်ရာဗွက်တောများ၌ အနေများသည်။ ရေကူး၊ သစ်ပင်တက် ကျင်လျင်သည်။

    စပါးကြီးမြွေသည် တဖြည်းဖြည်းကြီးသော မြွေမျိုးဖြစ်သည်။ အသက်ရှည်ရှည်နေသည်။ မြွေမသည် ဥအလုံးတစ်ရာ နီးပါးမျှ အုတတ်၍ ဥမှ အကောင်ကလေးများ ပေါက်သည့်တိုင်အောင် မည်သည့်နေရာသို့ မသွားဘဲ ဥများကို ရစ်ပတ်၍ စောင့်ရှောက် နေတတ်သည်။ ထိုသို့ဝပ်နေသော အချိန်တွင် မြွေမသည် အစာ မစားချေ။
     



     









     

     

    အခြား သတ္တဝါမျိုးစိတ်များ

  • စပါးအုံးမြွေ

    စပါးအုံးမြွေ

    Variety:    Reptilia

    Species:    Squamata

    Subspecies:    Serpentes

    breed:    Pythonidae

    Breed:    Python

    Species:    P. bivitatus

    စပါးအုံးမြွေ (Malayopython reticulatus) တောင်အာရှနှင့် အရှေ့တောင်အာရှတွင်တွေ့ရသည့် မြွေဖြစ်သည်။ နိုင်ငံအများအပြားတွင် ယင်းမြွေကို တိုင်းရင်းဆေးအဖြစ်သုံးရန်နှင့် အိမ်မွေးတိရစ္တာန်အဖြစ်မွေးရန် ဖမ်းဆီးခြင်းခံရသည်။ စပါးအုံးမြွေသည် ကမ္ဘာ့အကြီးဆုံးမြွေများထဲတွင် ပါဝင်ပြီး အဆိပ်မရှိပေ။ 





     

     

    အခြား သတ္တဝါမျိုးစိတ်များ

  • ဝလေးလုံးလိပ်

     ဝလေးလုံးလိပ်

    ဝလေးလုံးလိပ်၊ လေးကွက်လိပ်၊ ခေါင်းသေးလိပ် Myanmar Peacock Softshell Turtle 

    ဝိသေသလဏ္ခဏာများ 

    • ကျောခွံသည် ဝိုင်းပြီး ပြားသည်။ အစိမ်း (သို့) အစိမ်းရင့်ရောင်ရှိပြီး အမဲရောင်အကွက် (၄) ကွက် ပါရှိသည်။ အရွယ်ရောက်သော လိပ်၏ ကျောခွံ အလျားမှာ (၄၀) စင်တီမီတာအထိရှိသည်။ အကွက် (၄) ကွက်မှာ ငယ်စဉ်အခါက အနားဖျော့ပြီး ထင်ရှားသော်လည်း သက်ကြီးကောင်တွင် အစိမ်းရင့်ရောင်ကျောခွံထဲ၌ မထင်ရှားတော့ပါ။ 
    • ရင်ခွံသည် အဖြူရောင်ဖြစ်ပြီး ပါးလွှာ၍ အတွင်း အရိုးဖွဲ့စည်းမှုကို ထွင်းဖောက်မြင်နိုင်သည်။ 
    • ဦးခေါင်း၊ လည်ပင်း၊ ခြေလက်တို့သည် အစိမ်းရင့် ရောင်ရှိပြီး အစက်အပြောက်များစွာရှိသည်။ 

     

    ပေါက်ဖွားရှင်သန်ရာဒေသ

    • ရေစီးသော မြစ်များ၊ ချောင်းများ၊  

     

    အစားအစာ

    • အသားစားလိပ်မျိုးဖြစ်ပြီး ရံဖန်ရံခါ အရွက်စားသည် 

     

    ပျံ့နှံရာဒေသ

    • ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး

     

    အခြား သတ္တဝါမျိုးစိတ်များ

  • လိပ်ဝါ

    လိပ်ဝါ

    လိပ်ဝါ၊ ဆီချိုလိပ်၊ ဂင်လိပ်၊ လိပ်နှာခေါင်းနီ၊ တောင်လိပ် 

     ဝိသေသလဏ္ခဏာများ 

    • ကျောခွံသည် ခုံးနေပြီး အနောက်ဘက်အနား တစ်လျှောက်၌ လွှသွားပုံ အနားများရှိသည်။ ငယ်ရွယ်စဉ်၌ ပိုမိုသိသာထင်ရှားသည်။ အရွယ် ရောက်လိပ်၏ ကျောခွံအလျားမှာ (၃၃) စင်တီ မီတာအထိ ရှည်နိုင်သည်။  
    • ကျောခွံမှာ ဝါညိုရောင် (သို့) အစိမ်းရင့်ရောင်ရှိ ပြီး အနက်ကွက်များ ပါရှိသည်။ အချို့ဒေသ၌ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်နေသော လိပ်ဝါ များလည်း ရှိသည်။
    • ရင်ခွံနှင့် ရင်ကျောစပ်ခွံမှာ အဝါရောင်ဖြစ်ပြီး အနက်ကွက်များရှိသည်။ 
    • မျိုးပွားရာသီ၌ နှာခေါင်းပေါက်နှင့် မျက်လုံး တစ်ဝိုက်ရှိ အရေပြားများမှာ ပန်းနုရောင် ဖြစ်လာသည်။ 

     

    ပေါက်ဖွားရှင်သန်ရာဒေသ

    • အပူပိုင်းအမြဲစိမ်းတော၊ ရွက်ပြတ်တော၊ ဆူးချုံတော၊ ဝါးတော  

     

    အစားအစာ

    • အစုံစားလိပ် ဖြစ်သည်။  

     

    ပျံ့နှံရာဒေသ

    • အလွန်မြင့်မားသော တောင်တန်းများမှအပ မြန်မာနိုင်ငံအနှံ့အပြား 

       

     

    အခြား သတ္တဝါမျိုးစိတ်များ