ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှု
အပင်မျိုးစိတ်များ
တနင်္သာရီ သဘာဝကြိုးဝိုင်းတွင် အဓိကအားဖြင့် အမြဲစိမ်းတောကြီး၊ ရွက်မပြတ် အမြဲစိမ်းတောငယ်၊ ရွက်ပြတ်ရောနှောတောစို၊ ရွက်ပြတ်ရောနှောတောခြောက်၊ မြစ်ကမ်း ခြေတော၊ တောင်ပေါ်ရွက်မပြတ်တော၊ ဒီရေတော၊ အမျိုးအစားများ ပေါက်ရောက် ပါသည်။ သစ်တော ဖုံးလွှမ်းမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် (၇၉.၅၃%)၊ ၂၀၁၅ ခုနှစ်တွင် (၇၆.၇၆%)၊ ၂၀၂၃ ခုနှစ် တွင် ရွက်အုပ်ပိတ်တော (၂၂၅,၆၈၃) ဧက (၅၃.၇၂%)၊ ရွက်အုပ်ပွင့်တော (၇၉,၉၃၃)ဧက (၁၉.၀၃%) ရှိပြီး သစ်တောဖုံးလွှမ်းမှု (၇၂.၇၅ %) ရှိပါသည်။ တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင်း သုသေတန စစ်တမ်းဆောင်ရွက်မှုများအရ အပင်မျိုးစိတ်-၃၈၄ မျိုး / သစ်ခွမျိုးစိတ်- ၉၀ မျိုး/ ဝါးမျိုးစိတ်- ၃၀ မျိုး / ကြိမ်မျိုးစိတ်- ၁၇ မျိုး ရှင်သန်ပေါက်ရောက်လျက်ရှိပြီး သဘာဝ ကြိုးဝိုင်းအတွင်း၌ ကမ္ဘာ့ပေါ်တွင် အဓိကမျိုးသုန်းပျောက်ကွယ်ရန်အန္တာရာယ်ရှိသည့် သစ်မျိုးများဖြစ်သည့် ကပန်၊ကောင်းမှု၊ ဉပန်း၊ ရှားပါး ကညင် မျိုးစိတ်များနှင့် အခြားရှားပါးသစ်ခွများလည်း ရှင်သန်ပေါက်ရောက် လျက်ရှိ ကြောင်းတွေ့ရပါသည်။
တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ IUCN Redlists အရ ကမ္ဘာ့ပေါ်တွင် ရှားပါး အပင်မျိုးစိတ်များစာရင်း
No. | Local Common Name | Scientific Name | IUCN Threat status |
1 | Ka- ban | Anisoptera curtisii | Critically Endangered (CR) |
2 | Kaung-mu | Anisoptera scaphula | Critically Endangered (CR) |
3 | Kanyin-byan | Dipterocarpus grandiflorus | Critically Endangered (CR) |
4 | Kanyin-ni | Dipterocarpus turbinatus | Critically Endangered (CR) |
5 | Kyauk-thingan | Hopea helferi | Critically Endangered (CR) |
6 | Thin-gan-ma-ka-lay | Hopea sangal | Critically Endangered (CR) |
7 | Ka-dut-net | Parashorea stellate | Critically Endangered (CR) |
8 | Me- chaung - kyee | Shorea assamica | Critically Endangered (CR) |
9 | U-ban | Shorea farinosa | Critically Endangered (CR) |
10 | Kanyin | Dipterocarous dyeri | Critically Endangered (CR) |
11 | Kanyin pyan ywet kyi | Dipterocarpus kerrii | Critically Endangered (CR) |
12 | Ban Kaya | Shorea gratissima | Endangered (EN) |
13 | Kaban/ Ban | Anisoptera costata | Endangered (EN) |
14 | Kanyin phyu | Dipterocarpus alatus | Endangered (EN) |
15 | Kanyin ywet thay | Dipterocarpus costatus | Endangered (EN) |
16 | Yin-daik | Dalbergia cultrate | Endangered (EN) |
17 | Taung-bok | Diospyros | Endangered (EN) |
18 | Banthangyin | Shorea henryana | Endangered (EN) |
19 | Kanyin kyaung che | Vatica dyeri | Endangered (EN) |
ဥပန်းကရား (ဖွတ်မတက်) (Shorea gratissima)
Family- Dipterocarpaceae
ဥပန်းကရား (ဖွတ်မတက်) ပင်သည် ရေစီးရေလာနှင့် စိမ့်စမ်း ကောင်းသောနေရာများ၊ ကမ်းရိုးတန်းဒေသများတွင် တွေ့ရှိနိုင်သည့် အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ရှိ အခေါက်စင်းများသည် ထူးခြားစွာ အထက်သို့လှန်နေပြီး တက်ရောက်ရန် ခက်ခဲသဖြင့် ဒေသအခေါ် ဖွတ်မတက်ပင်ဟူ၍ ခေါ်ဝေါ် သုံးစွဲကြသည်။
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိက ပေါက်ရောက်ပါသည်။
![]() |
![]() | ကောင်းမှု (Anisoptera scaphula) Family- Dipterocarpaceae
|
![]() | ကပန်သံကျင် (Shorea roxburghii )
|
သတ္တဝါမျိုးစိတ်များ
တနင်္သာရီ သဘာဝကြိုးဝိုင်းသည် အပူပိုင်းမုတ်သုံသစ်တောကြီးများနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝတဲ့ သဘာဝကြိုးဝိုင်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့ပေါ်တွင် မျိုးသုန်းပျောက်ကွယ်မည့် အန္တာရာယ်နှင့်ရင်ဆိုင်နေရသည့် ကြံ့သူတော်များ၏ အဓိက ကျက်စားရာ ဧရိယာ တစ်ခုဖြစ်ပါသည်။ ကြံသူတော်များသည် ကမ္ဘာပေါ်တွင် အာရှဒေသများဖြစ်သည့် ထိုင်း၊မြန်မာ၊မလေးရှား အင်ဒိုနီးရှားနိုင်ငံတို့တွင်သာတွေ့ရပြီး သုသေတနခန့်မှန်းချက်များအရ ၂၀၀၈ ခုနှစ် အကောင်ရေ ၁၅၀၀ မှ ၂၀၀၀ ခန့်သာကျန်ပြီး ကြံသူတော်များအရေအတွက်သည် နှစ်စဉ်လျော့နည်းလျက်ရှိပါသည်။
တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင်း ကမ္ဘာ့ပေါ်တွင် မျိုးသုန်း ပျောက်ကွယ်ရန် အန္တာရယ်ရင်ဆိုင်နေရသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သည့် သင်းခွေချပ်၊ ကျား၊ အင်းကျား ၊ ကျားမင်း၊ ဝက်ဝံ၊ အခြား ရှားပါးကြောင်မျိုးစိတ်များနှင့် မျောက်မျိုးစိတ်များ ကျက်စား နေထိုင်လျက်ရှိပါသည်။ ထို့အပြင် တနင်္သာရီ သဘာဝ ကြိုးဝိုင်းဧရိယာတွင် ကမ္ဘာ့ပေါ်တွင် အဓိကမျိုးသုန်းပျောက်ကွယ်ရန်အန္တာရာယ်ရှိသည့် သစ်မျိုးများဖြစ်သည့် ကပန်၊ကောင်းမှု၊ ဉပန်း၊ ရှားပါးကညင်မျိုးစိတ်များနှင့် အခြားရှားပါးသစ်ခွများလည်း ရှင်သန်ပေါက်ရောက် လျက်ရှိ ကြောင်းတွေ့ရပါသည်။
တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင် သုသေတန စစ်တမ်းဆောင်ရွက်မှုများအရ နို့တိုက်သတ္တဝါ- ၆၇ မျိုး /ငှက်မျိုးစိတ်-၂၄၄ မျိုး/ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ- ၆၆ မျိုး ကျက်စားနေထိုင်လျက်ရှိကြောင်းတွေ့ရပါသည်။
Threatened and near-threatened mammal species confirmed in the TNR.
No. | English Common Name | Scientific Name | IUCN Threat status |
|---|---|---|---|
1 | Sunda Pangolin | Manis javanica | Critically Endangered (CR) |
2 | Indochinese Tiger | Panthera tigris corbetti | Endangered (EN) |
3 | Asian Elephant | Elepha maximus | Endangered (EN) |
4 | Dhole | Cuon alpinus | Endangered (EN) |
5 | Sambar | Cervus unicolor | Vulnerable (VU) |
6 | Sun bear | Helarctos malayanus | Vulnerable (VU) |
7 | Northern Pig-tailed Macaque | Macaca leonine | Vulnerable (VU) |
8 | Stump-tailed Macaque | Macaca arctoides | Vulnerable (VU) |
9 | Asian Tapir | Tapirus indicus | Vulnerable (VU) |
10 | Asiatic Black Bear | Ursus thibetanus | Vulnerable (VU) |
11 | Clouded Leopard | Neofelis nebulosa | Vulnerable (VU) |
12 | Marbled Cat | Pardofelis marmorata | Vulnerable (VU) |
13 | Gaur | Bos frontalis | Vulnerable (VU) |
14 | Binturong | Arctictis binturong | Vulnerable (VU) |
15 | Asian Golden Cat | Catopuma temmimckii | Near Threatened (NT) |
16 | Chinese Serow | Capricornis milneedwardsi | Near Threatened (NT) |
17 | Large Indian Civet | Viverra zibetha | Near Threatened (NT) |
18 | Fea’s Muntjac | Muntiacus feae | Data Deficient (DD) |
Threatened and near-threatened bird species recorded in TNR
No. | English Common Name | Scientific Name | IUCN Threat status |
1 | Plain-Pouched Hornbill | Aceros subrelficollis | Vulnerable (VU) |
2 | Blue-Banded Kingfisher | Alcedo Euryzona | Vulnerable (VU) |
3 | Green Peafowl | Pavo muticus | Vulnerable (VU) |
4 | Blue-Rumped Parrot | Psittinus eyamurus | Near Threatened (NT) |
5 | Lagger Falcon | Polibierax insignis | Near Threatened (NT) |
6 | Green Broadbill | Calyptomena uiridis | Near Threatened (NT) |
7 | Black Magpie | Platysumurus leucopterus | Near Threatened (NT) |
8 | Buff-Vented Bulbul | Iole olivacea | Near Threatened (NT) |
9 | Ferrugimous Partridge | Arborophila charltonii | Near Threatened (NT) |
10 | Red Throated Barbet | Megalaima mystacophanos | Near Threatened (NT) |
11 | Great Hornbill | Buceros bicornis | Near Threatened (NT) |
12 | Brown Hornbill | Anorrhunus tickelli | Near Threatened (NT) |
13 | White Rumped Falcon | Polihierax insignis | Near Threatened (NT) |
![]() | အာရှဆင် - Asian Elephant (Elephas maximus) ပြင်ပလက္ခဏာ
ဓလေ့စရိုက်
နေထိုင်ရာပတ်ဝန်းကျင်
|
![]() | အင်ဒိုချိုင်းနားကျား - Indochinese Tiger (Pantera tigris cobetti) ပြင်ပလက္ခဏာ
ဓလေ့စရိုက်
နေထိုင်ရာပတ်ဝန်းကျင်
|
![]() |
ပြင်ပလက္ခဏာ
ဓလေ့စရိုက်
နေထိုင်ရာပတ်ဝန်းကျင်
|





